Popular Journal
Credit to Popular Journal - အီရန်နှင့် အမေရိက-အစ္စရေးစစ်ပွဲကြောင့် ဒီဇယ်ဆီဈေးနှုန်းများ မြင့်တက်လာမှုသဖြင့် ထိုင်းနိုင်ငံ၏ ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိသော ငါးဖမ်းလုပ်ငန်းသည် ရပ်တန့်ရလုနီးပါးဖြစ်လာနေပြီး အစိုးရကသာ ကြားဝင်ဖြေရှင်းပေးခြင်းမရှိပါက ၎င်းတို့ငါးဖမ်းလှေများသည် ရက်အနည်းငယ်အတွင်း ရပ်နားထားရနိုင်ကြောင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများက သတိပေးခဲ့သည်။ ထိုင်းပင်လယ်ကွေ့ကမ်းရိုးတန်းတလျှောက်ရှိ အလယ်ပိုင်းပြည်နယ်တစ်ခုတွင်ရှိသော နိုင်ငံ၏ အကြီးဆုံးငါးဖမ်းဆိပ်ကမ်းတွင် ငါးဖမ်းလှေများ၏ ထက်ဝက်ကျော်သည် ဆိုက်ကပ်ထားခဲ့ရပြီးဖြစ်ကာ ဆက်လက်လည်ပတ်နေသော လှေများသည်လည်း ရက်အနည်းငယ်အတွင်း ရပ်တန့်ရဖွယ်ရှိကြောင်း ဆမွတ်ဆာခွန် ငါးရောင်းဝယ်ရေးအသင်းဥက္ကဌ ဂျမ်ပူးလ် ကာနာဝါရီးက ပြောကြားခဲ့သည်။ “ငါးဖမ်းလှေတွေဟာ လှေလုပ်သားတွေနဲ့ သူတို့မိသားစုဝင်တွေအတွက် ကုန်ကျစရိတ်ကို မခံနိုင်တော့တာကြောင့် ဧပြီလ ၁ ရက်နေ့နောက်ပိုင်းမှာ ရောင်းစရာငါးမရှိနိုင်တော့ကို မြင်တွေ့ရနိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ “သူတို့တွေ လုံလောက်တဲ့ ဝင်ငွေရရှိတော့မှာ မဟုတ်ပါဘူး” ဟု ဆိုခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံသည် အမေရိက၊ […] The post လောင်စာဈေးကြောင့် ထိုင်းငါးဖမ်းလုပ်ငန်းကိုများစွာထိခိုက် appeared first on Popular .
Go to News Site