ရှီနှင့်ထရမ့်ပ် မေလလယ်တွင် တွေ့ဆုံမည်ဟု အိမ်ဖြူတော် ကြေညာ
Popular Journal

ရှီနှင့်ထရမ့်ပ် မေလလယ်တွင် တွေ့ဆုံမည်ဟု အိမ်ဖြူတော် ကြေညာ

Credit to Popular Journal - သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့အကြား ကြာမြင့်စွာစောင့်မျှော်ခဲ့ရသော တွေ့ဆုံမှုကို မေလ ၁၄ ရက် နေ့နှင့် ၁၅ ရက်နေ့တို့တွင် ပေကျင်း၌ ကျင်းပမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ ထရမ့်ပ်နှင့် သမ္မတကတော် မယ်လန်နာနီယာထရမ့်ပ်တို့သည်လည်း ရှီနှင့် မဒမ် ဖန်လီယွမ်တို့၏ အပြန်အလည်ခရီးစဉ်လာရောက်မှုကို ဝါရှင်တန်၌ လက်ခံတွေ့ဆုံသွားမည်ဖြစ်ကာ ခရီးစဉ်ရက်စွဲကို ယခုနှစ်အနှောင်းပိုင်းတွင် ကြေညာမည်ဖြစ်ကြောင်း အိမ်ဖြူတော်သတင်းပြန်ကြားရေးမှူး ကာရိုလင်း လီဗစ်က သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ထိုကြေညာချက်အရ မတ်လနှောင်းပိုင်းနှင့် ဧပြီလအစောပိုင်းတွင် ကျင်းပရန် မျှော်လင့်ထားခဲ့သည့် တရုတ်ထိပ်သီးအစည်းအဝေးကို ရက်သတ္တခြောက်ပတ်ခန့် ရွှေ့ဆိုင်းလိုက်ရသည့် သဘောဖြစ်သည်။ သို့ရာတွင် အီရန်စစ်ပွဲကြောင့် အမေရိကသည် ထိုအစည်းအဝေးကို တစ်လခန့်ရွှေ့ဆိုင်းရန် တောင်းဆိုခဲ့ကြောင်း ထရမ့်ပ်က မတ်လလယ်တွင် ပြောဆိုခဲ့သည်။ “ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲအပြီး […] The post ရှီနှင့်ထရမ့်ပ် မေလလယ်တွင် တွေ့ဆုံမည်ဟု အိမ်ဖြူတော် ကြေညာ appeared first on Popular .

Go to News Site