ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီး(၃)ပါးအား ထပ်ဆင့်ချီး ကျူးဂုဏ်ပြု
Popular Journal

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီး(၃)ပါးအား ထပ်ဆင့်ချီး ကျူးဂုဏ်ပြု

Credit to Popular Journal - ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင် ရာဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီး(၃)ပါးအား ယနေ့ မတ် ၂၆ ရက်မွန်းလွဲ ၂ နာရီက ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ထပ်ဆင့်ချီးကျူးဂုဏ်ပြုခဲ့သည်။ ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တနာဂိတ၊ ရွှေပြည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ သုန္ဒရ၊တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက၊ စွန်းလွန်းဂူရိပ်သာကျောင်းတိုက် ပဓာနနာယက ဆရာတော်နှင့်အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိ တဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တကဉ္စန၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ သာသနဓဇဓမ္မာစရိယ၊ လှိုင်ရတနာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်တို့အား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများကိုဆက်ကပ်လှူဒါန်းခဲ့ကြသည်။ The post ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီး(၃)ပါးအား ထပ်ဆင့်ချီး ကျူးဂုဏ်ပြု appeared first on Popular .

Go to News Site