ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့က (၈၁)နှစ် မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂုဏ်ပြုညစာစားပွဲကျင်းပ
Popular Journal

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့က (၈၁)နှစ် မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂုဏ်ပြုညစာစားပွဲကျင်းပ

Credit to Popular Journal - မနက်ဖြန် မတ် ၂၇ ရက်တွင်ကျရောက်မည့် (၈၁)နှစ် မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့မှ ယနေ့ မတ် ၂၆ ရက်ညပိုင်းက ဂုဏ်ပြုညစာစားပွဲကျင်းပခဲ့သည်။ ဂုဏ်ပြုညစာစားပွဲစတင်ကျင်းပချိန်တွင် (၈၁)နှစ် မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသည့် အထိမ်း အမှတ်အဖြစ် တပ်မတော်နေ့စစ်ရေးပြကွင်းနှင့် ဘုရင့်နောင်ရိပ်သာတို့မှ မီးရှူးမီးပန်းများပစ်ဖောက်ခဲ့ကြပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး တက်ရောက် လာကြသူများက ဂုဏ်ပြုညစာသုံးဆောင်ခဲ့ကြသည်။ ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မြဝတီတေးဂီတအဖွဲ့မှ စစ်သည်၊ စစ်သမီးများ၊ ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အဆိုရှင်များက ဂုဏ်ပြုတေးသီချင်းများသီဆိုဖျော်ဖြေခဲ့ကြကာ ဂုဏ်ပြုညစာစားပွဲအပြီးတွင် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီးတို့က တက်ရောက် လာကြသူများအားနှုတ်ဆက်ပြီး အခမ်းအနားအောင် မြင်ခြင်းအထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများပစ်ဖောက်မှုကိုကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် ဇေယျာသီရိဗိမာန်သဘင်ဆောင်တွင် မြဝတီတေးဂီတအဖွဲ့မှ တပ်ဖွဲ့ဝင်စစ်သည်၊ စစ်သမီးများကသံ စုံတီးဝိုင်းဖြင့်တွဲဖက်၍ အဆို၊ အကများ၊ ယိမ်းအကများဖြင့် […] The post ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့က (၈၁)နှစ် မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂုဏ်ပြုညစာစားပွဲကျင်းပ appeared first on Popular .

Go to News Site