Popular Journal
Credit to Popular Journal - နိုင်ငံတော် ယာယီသမ္မတမှ ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များအား ချီးမြှင့်အပ်နှင်းခဲ့သည်။ ထိုသို့ ချီးမြှင့်အပ်နှင်းခြင်းအား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ အမိန့်ကြော်ငြာစာအမှတ် ၅၇/၂၀၂၆ ဖြင့် ယနေ့ မတ် ၂၇ ရက်(တပ်မတော်နေ့) တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် “သူရဘွဲ့”အား ကာကွယ်ရေးဝန်ကြီးဌာနမှ (၃)ဦး၊ တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိဂုဏ်ထူး ဆောင်တံဆိပ်ဖြစ်သည့် “သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်” အား ကာကွယ်ရေးဝန်ကြီးဌာနမှ (၇)ဦးတို့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာစွမ်းရည်သတ္တိဂုဏ် ထူးဆောင်တံဆိပ်ဖြစ်သည့် “ရဲဗလတံဆိပ်” အား ကာကွယ်ရေးဝန်ကြီးဌာနမှ (၅)ဦး၊ စစ်ကိုင်းတိုင်းမှ (၆)ဦး၊ မကွေးတိုင်းမှ (၂၁)ဦးတို့အား ချီးမြှင့်အပ်နှင်းခဲ့သည်။ The post ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေး တိုင်းတို့မှ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကိုစွမ်းစွမ်းတမံထမ်းဆောင်ခဲ့သူများကို ဂုဏ်ထူး ဆောင်ဘွဲ့များ၊ တံဆိပ်များချီးမြှင့် appeared first on Popular .
Go to News Site