Popular Journal
Credit to Popular Journal - လက်နက်ခဲယမ်းများနှင့်အတူ ထပ်မံအလင်းဝင်လာခဲ့သည့် AA အဖွဲ့ဝင်(၁၀)ဦး၊ PDF အဖွဲ့ဝင်(၈)ဦးတို့အား တာဝန်ရှိသူများကကြိုဆို၍ ယမန်နေ့ မတ် ၂၆ ရက်က အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင် မိဘအုပ်ထိန်း သူများထံပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။ တိုင်းမှူးဗိုလ်ချုပ်စိုးကျော်ထက်နှင့် တာဝန်ရှိသူများက အလင်းဝင်လာသူများအပ်နှံသည့် လက်နက်ခဲယမ်းများကိုလက်ခံရယူခဲ့ကြပြီးနောက် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းမှူးတို့မှ လက်နက်ခဲယမ်းများအတွက် ချီးမြှင့်ငွေကျပ်(၄၂၇)သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် အလင်းဝင်လာသူများအား ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံပြန်လည်လွှဲ ပြောင်းအပ်နှံပြီး တိုင်းဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။ ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့မှ(၁)ဦး၊ အင်္ဂပူမြို့နယ်မှ(၁)ဦး၊ ရေကြည်မြို့နယ်မှ(၁)ဦး၊ ရွှေသောင်ယံမြို့ နယ်မှ(၁)ဦး၊ ဟိုင်းကြီးကျွန်းမြို့နယ်မှ(၁)ဦး၊ လေးမျက်နှာမြို့နယ်မှ(၁)ဦး၊ ကြံခင်းမြို့နယ်မှ(၁)ဦး၊ မကွေးတိုင်း ၊ ပေါက်မြို့နယ်မှ(၁)ဦး၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ(၂)ဦး၊ မြေပုံမြို့နယ်မှ(၁)ဦး၊ မြောက်ဦးမြို့နယ်မှ(၂) ဦး၊ ရမ်းဗြဲမြို့နယ်မှ(၁)ဦး၊ ဂွမြို့နယ်မှ(၂)ဦး၊ […] The post လက်နက်ခဲယမ်းများနှင့်အတူ ထပ်မံအလင်းဝင်လာခဲ့ကြသည့် AA နှင့် PDF အဖွဲ့ဝင်(၁၈)ဦး appeared first on Popular .
Go to News Site