Popular Journal
Credit to Popular Journal - ပေကျင်း၊ မတ်လ ၂၆ ရက် တရုတ်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနသည် ဖိလစ်ပိုင်နိုင်ငံ၏ အခွင့်အရေးချိုးဖောက်မှုများ၊ ရန်စမှုများနှင့် ဝါဒဖြန့်ချီမှုများကို ပိုမိုပြတ်သားစွာတုံ့ပြန်သွားမည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ကတိပြုပြောကြားခဲ့ပါသည်။ တောင်တရုတ်ပင်လယ်အတွင်းရှိ အချို့သော ရေပိုင်နက်များ၏ အချုပ်အခြာအာဏာနှင့် ပတ်သက်၍ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့၏ မကြာသေးမီက သတင်းထုတ်ပြန်ချက်များအပေါ် ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကျန်းပင်က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။ “တရုတ်နိုင်ငံဟာ နန်ဟိုင်ကျွန်းစုနဲ့ ၎င်းရဲ့ အနီးတစ်ဝိုက် ရေပိုင်နက်တွေအပေါ် ငြင်းပယ်လို့မရတဲ့ အချုပ်အခြာအာဏာ ရှိထားသလို သက်ဆိုင်ရာ ရေပြင်တွေအပေါ်မှာလည်း အချုပ်အခြာအာဏာပိုင်ခွင့်နဲ့ တရားစီရင်ပိုင်ခွင့်တွေ ရှိပါတယ်” ဟု ကျန်းပင်က ဆိုသည်။ တောင်တရုတ်ပင်လယ်ဆိုင်ရာ ခုံသမာဓိဖြတ်ထုံးကို “လုံးဝတရားမဝင်ဘဲ အချည်းအနှီးသာဖြစ်သည်” ဟု ၎င်းက ပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် အဆိုပါဖြတ်ထုံးကို လက်ခံခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်း မပြုသကဲ့သို့ ထိုဖြတ်ထုံးအပေါ် […] The post တရုတ်က ဖိလစ်ပိုင်၏ ရန်စမှုများကို ပိုမိုပြတ်သားစွာတုံ့ပြန်မည်ဟုကတိပြု appeared first on Popular .
Go to News Site