Popular Journal
Credit to Popular Journal - စက်သုံးဆီချွေတာမှုနှင့် လိုက်လျောညီထွေကျင်းပရန် ချင်းပြည်နယ်ဝန်ကြီးချုပ်မှာကြား ချင်းပြည်နယ်၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား အစိုးရ၊ လွှတ်တော်၊ ပြည်သူများနှင့်အတူ ပျော်ပျော်ရွှင်ရွှင်ကျင်းပသွားမည်ဖြစ်ကာ စက်သုံးဆီချွေတာမှုနှင့် လိုက်လျောညီထွေကျင်းပရန် ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်က မှာကြားခဲ့ကြောင်း သိရသည်။ ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်မှ မတ် ၂၆ ရက်ကကျင်းပသည့် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆)တွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ” ဒီနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စက်သုံးဆီချွေတာမှုနဲ့ လိုက်လျောညီထွေကျင်းပဖို့လိုပါတယ်။ ယခင်နှစ်ကလည်း မန္တလေးငလျင်ကြီးကြောင့် ပုံစံတစ်မျိုးနဲ့ကျင်းပခဲ့ပြီး ဒီခုနှစ်မှာ အစိုးရ၊ လွှတ်တော်၊ ပြည်သူတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ကျင်းပသွားမှာပါ။ ခရိုင်/မြို့နယ်တွေမှာလည်း ကျင်းပသွားပါမယ်”ဟု ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်က ပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေးနှင့် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီအသီးသီးမှတာဝန်ရှိသူများက ယခုနှစ်မဟာသင်္ကြန်အတွက်ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့်ကော်မတီအလိုက်ခန့်မှန်းကုန်ကျစရိတ်များကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။ The post ယခုနှစ်သင်္ကြန်အား အစိုးရ၊ လွှတ်တော်၊ ပြည်သူများနှင့်အတူ ပျော်ပျော်ရွှင်ရွှင်ကျင်းပသွားမည် appeared first on Popular .
Go to News Site