ယခုနှစ် ဇွန်လမှ စတင်၍ အမေရိကန် ငွေစက္ကူများပေါ်တွင် ထရမ့်၏ လက်မှတ် ပါလာတော့မည်
Popular Journal

ယခုနှစ် ဇွန်လမှ စတင်၍ အမေရိကန် ငွေစက္ကူများပေါ်တွင် ထရမ့်၏ လက်မှတ် ပါလာတော့မည်

Credit to Popular Journal - ယခုနွေရာသီမှ စတင်ကာ အမေရိကန် စက္ကူပိုက်ဆံများပေါ်တွင် သမ္မတ ဒေါ်နယ်ထရမ့်၏ လက်မှတ် ပါဝင်လာတော့မည်ဖြစ်ကြောင်းနှင့် ယင်းသည် တာဝန်ထမ်းဆောင်ဆဲ သမ္မတတစ်ဦးအနေဖြင့် အမေရိကန်ငွေကြေးပေါ်တွင် ပထမဆုံးအကြိမ် လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ အမေရိကန် လွတ်လပ်ရေး နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေရန် စီစဉ်ထားသော ဒီဇိုင်းသစ် ငွေစက္ကူများတွင် ၁၆၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် “အမေရိကန် ဘဏ္ဍာစိုး”(U.S. Treasurer) ၏ လက်မှတ်ကို ချန်လှပ်ထားမည်ဖြစ်သည်။ အဆိုပါ ဘဏ္ဍာစိုးရာထူးသည် ဘဏ္ဍာရေးဝန်ကြီးထံ အစီရင်ခံရသူဖြစ်ပြီး ငွေစက္ကူနှင့် ဒင်္ဂါးပြား ထုတ်လုပ်ရေးလုပ်ငန်းများ၊ အမေရိကန် ဒင်္ဂါးသွန်းလုပ်ရေးလုပ်ငန်း နှင့် အခြားသော ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းဆောင်တာများကို ကြီးကြပ်ရသူဖြစ်သည်။ ထရမ့်၏ လက်မှတ်နှင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ […] The post ယခုနှစ် ဇွန်လမှ စတင်၍ အမေရိကန် ငွေစက္ကူများပေါ်တွင် ထရမ့်၏ လက်မှတ် ပါလာတော့မည် appeared first on Popular .

Go to News Site