Popular Journal
Credit to Popular Journal - မော်စကို၊ ဇွန်လ ၄ ရက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီး အနေဖြင့် ဆွေးနွေးပွဲများ ပြုလုပ်ရန် ဆန္ဒရှိပါက မော်စကိုသို့ အချိန်မရွေး လာရောက်နိုင်ကြောင်း ခရမ္မလင် နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စကော့ဗ်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ဇီလန်းစကီးသည် ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့ ပါဝင်မည့် ရုရှားသမ္မတ ဗလာဒီမာ ပူတင် နှင့် တွေ့ဆုံပွဲတစ်ရပ် ပြုလုပ်ရန် အဆိုပြုထားသည့် ပေးစာတစ်စောင်ကို ကြာသပတေးနေ့ အစောပိုင်းက ထုတ်ပြန်ခဲ့သည်။ ရုရှားအစိုးရအနေဖြင့် အဆိုပါ ပေးစာကို ပြန်လည်သုံးသပ်ထားပြီးဖြစ်ကာ ပူတင်၏ လုပ်ငန်းခွင်အစည်းအဝေးအပြီးတွင် ၎င်းထံ တင်ပြသွားမည်ဖြစ်ကြောင်း ပက်စကော့ဗ်က ပြောကြားခဲ့သည်။“သမ္မတ ပူတင်က ဇီလန်းစကီးအနေနဲ့ ဆွေးနွေးချင်တယ်ဆိုရင် မော်စကိုသို့လာပြီး ဆွေးနွေးနိုင်တယ်လို့ ပြောထားပါတယ်” ဟု ပက်စကော့ဗ်က ဆိုသည်။ […] The post ဇီလန်းစကီးကဆွေးနွေးရန်မော်စကိုသို့ အချိန်မရွေးလာနိုင်–ရုရှား appeared first on Popular .
Go to News Site