Popular Journal
Credit to Popular Journal - မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဇွန်လ (၃) ရက်မှ (၉) ရက်အထိ လက်ခံကျင်းပခဲ့သည့် AYA Tri Nation Cup 2026 (Women’s International Friendly Tour) ပြိုင်ပွဲပြီးဆုံးခဲ့ပြီဖြစ်ရာ၊ ချန်ပီယံဆုကိုထိုင်းအမျိုးသမီးအသင်း ဆွတ်ခူးရရှိခဲ့သည်။ ဇွန်လ (၉) ရက်က ယှဉ်ပြိုင်ခဲ့သည့် နောက်ဆုံးပွဲစဉ်တွင် မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်းအမျိုးသမီးအသင်းတို့ (၁-၁) ဂိုးဖြင့် သရေကျခဲ့ပြီးနောက် ထိုင်းအသင်းက စုစုပေါင်းရမှတ် (၄) မှတ်ဖြင့် ပြိုင်ပွဲ၏ ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ ထို့အတူ တစ်ဦးချင်း ထူးချွန်ဆုရရှိသူများအဖြစ် အကောင်းဆုံး ဂိုးသမားဆုကို ထိုင်းအသင်းမှ Thichanan Sodchuen မှလည်းကောင်း၊ အကောင်းဆုံး ကစားသမားဆုကိုလည်း ထိုင်းအသင်းမှ ကစားသမား Pattaranan Aupachai တို့က ဆွတ်ခူးရရှိခဲ့သည်။ ထို့နောက် […] The post AYA Tri Nation Cup 2026 ချန်ပီယံဆု ထိုင်းအမျိုးသမီးအသင်း ဆွတ်ခူး appeared first on Popular .
Go to News Site