Collector
Giriş Yap
ပက်ထရိုနာ့စ်ကဂျပန်ကုမ္ပဏီကိုသဘာဝဓာတ်ငွေ့ကိုနှစ်၂၀ ရောင်းပေးမည် | Collector
ပက်ထရိုနာ့စ်ကဂျပန်ကုမ္ပဏီကိုသဘာဝဓာတ်ငွေ့ကိုနှစ်၂၀ ရောင်းပေးမည်

ပက်ထရိုနာ့စ်ကဂျပန်ကုမ္ပဏီကိုသဘာဝဓာတ်ငွေ့ကိုနှစ်၂၀ ရောင်းပေးမည်

Credit to Popular Journal - မလေးရှားနိုင်ငံပိုင် ပက်ထရိုနာ့စ်ကုမ္ပဏီသည် ဂျပန် ကုမ္ပဏီ JERA သို့ နှစ် ၂၀ သဘောတူညီချက်ဖြင့် တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ရည်(အယ်လ်အင်န်ဂျီ) တန် ၂ သန်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း နှစ်နိုင်ငံခေါင်းဆောင်များက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။        အီရန်စစ်ပွဲနှင့် ဆက်စပ်နေသော ကမ္ဘာတစ်ဝန်း အယ်လ်အင်န်ဂျီအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဂျပန်သည် ၎င်း၏ စွမ်းအင်သိုလှောင်မှုကို မြှင့်တင်ရန်ကြိုးပမ်းနေချိန်တွင် ၂၀၂၈ ခုနှစ်တွင် စတင်မည့် ယခုသဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။       ကမ္ဘာ့ စွမ်းအင်အခြေအနေများ မရေရာမှုတိုးပွားလာနေချိန်တွင် ဂျပန်သို့ အယ်လ်အင်န်ဂျီ တည်ငြိမ်စွာ ထောက်ပံ့ပေးနေသော မလေးရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုအရေးကြီးလာပါသည်ဟု ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကာအိချီက မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်နှင့် တွေ့ဆုံပြီးနောက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။       အန်ဝါသည် တိုကျိုသို့ သုံးရက်ကြာ အလုပ်သဘောခရီးစဉ်အတွင်း အစိုးရနှင့် စက်မှုလုပ်ငန်းအရာရှိများနှင့် တွေ့ဆုံခဲ့သည်။        ဂျပန်သည် […] The post ပက်ထရိုနာ့စ်ကဂျပန်ကုမ္ပဏီကိုသဘာဝဓာတ်ငွေ့ကိုနှစ်၂၀ ရောင်းပေးမည် appeared first on Popular .

Go to News Site