Collector
Giriş Yap
ရန်ကုန်-မော်လမြိုင် DEMU ရထားပြေးဆွဲရေးအတွက် ရထားလမ်းကူးနေရာ ၁၀၀ ကျော်ကို ခြံစည်းရိုးခတ်နေ | Collector
ရန်ကုန်-မော်လမြိုင် DEMU ရထားပြေးဆွဲရေးအတွက် ရထားလမ်းကူးနေရာ ၁၀၀ ကျော်ကို ခြံစည်းရိုးခတ်နေ

ရန်ကုန်-မော်လမြိုင် DEMU ရထားပြေးဆွဲရေးအတွက် ရထားလမ်းကူးနေရာ ၁၀၀ ကျော်ကို ခြံစည်းရိုးခတ်နေ

Credit to Popular Journal - ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင် ပြေးဆွဲမည့် မြန်နှုန်းမြင့် DEMU ရထား၏ လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းရေးအတွက် ရထားလမ်းကူးနေရာ ၁၀၀ ကျော်ကို ခြံစည်းရိုးခတ်ကာ ပိတ်သိမ်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာ့မီးရထားဝန်ထမ်းများနှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များသည် ဇွန် ၈ ရက်မှစတင်၍ တရားမဝင် ရထားလမ်းကူးနေရာများကို ခြံစည်းရိုးများခတ်ကာ လိုက်လံပိတ်သိမ်းလျက်ရှိကြောင်း သိရသည်။ ယင်းသို့ ဆောင်ရွက်ရခြင်းမှာ ဇူလိုင်လအတွင်း ပြေးဆွဲမည့် မော်လမြိုင်-ရန်ကုန် DEMU ရထား၏ လုံခြုံစိတ်ချရသော ပြေးဆွဲမှုကို အထောက်အကူပြုနိုင်ရန်နှင့် ရထားတိုက်မှုအန္တရာယ်များ လျော့နည်းစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ “တရားမဝင် ရထားလမ်းကူးတဲ့နေရာတွေကို လိုက်ပိတ်နေတာပါ။ တရားဝင်ခွင့်ပြုထားတဲ့ လမ်းကူးနေရာတွေကိုတော့ ဖွင့်ပေးထားပါတယ်” ဟု ဒေသဆိုင်ရာ အာဏာပိုင်တစ်ဦးက ပြောကြားသည်။ အဆိုပါ ရထားလမ်းပိုင်းတစ်လျှောက်တွင် ရထားလမ်းကူးနေရာ စုစုပေါင်း ၁၅၇ […] The post ရန်ကုန်-မော်လမြိုင် DEMU ရထားပြေးဆွဲရေးအတွက် ရထားလမ်းကူးနေရာ ၁၀၀ ကျော်ကို ခြံစည်းရိုးခတ်နေ appeared first on Popular .

Go to News Site