Collector
Giriş Yap
YBS ယာဉ်များ CNG ဖြည့်သွင်းရာတွင် ဝယ်ယူခွင့်စာအုပ် မဖြစ်မနေ တင်ပြရမည် | Collector
YBS ယာဉ်များ CNG ဖြည့်သွင်းရာတွင် ဝယ်ယူခွင့်စာအုပ် မဖြစ်မနေ တင်ပြရမည်

YBS ယာဉ်များ CNG ဖြည့်သွင်းရာတွင် ဝယ်ယူခွင့်စာအုပ် မဖြစ်မနေ တင်ပြရမည်

Credit to Popular Journal - ဇူလိုင် ၁၀ ရက်မှစတင်၍ CNG ဝယ်ယူခွင့်စာအုပ် မပါရှိသည့် YBS ယာဉ်များအား CNG ဓာတ်ငွေ့ ဖြည့်သွင်းရောင်းချပေးမည်မဟုတ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနက အသိပေးထုတ်ပြန်ထားသည်။ ထို့ကြောင့် YBS ယာဉ်များအနေဖြင့် သတ်မှတ်ရက်မှစတင်ကာ CNG ဝယ်ယူခွင့်စာအုပ်ကို ယာဉ်နှင့်အတူ ယူဆောင်၍ CNG အရောင်းဆိုင်များတွင် ဓာတ်ငွေ့ဖြည့်သွင်းရမည်ဖြစ်ကြောင်း သိရသည်။ ယင်းဆောင်ရွက်ချက်သည် CNG ဖြန့်ဖြူးရောင်းချမှုများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရေးနှင့် မှတ်တမ်းတကျ ကြီးကြပ်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ The post YBS ယာဉ်များ CNG ဖြည့်သွင်းရာတွင် ဝယ်ယူခွင့်စာအုပ် မဖြစ်မနေ တင်ပြရမည် appeared first on Popular .

Go to News Site